Highlights

ဧရာဝတီမြစ်ဝှမ်း ဘက်စုံသုံးရေယာဉ်သစ် “BH-101” လွှဲပြောင်းပေးအပ်ပွဲကျင်းပ

ရန်ကုန် ဇူလိုင် ၂၇ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုး တက်ရေး ဦးစီးဌာနမှ မြန်မာ့ သင်္ဘောကျင်း လုပ်ငန်း ဖက်စပ်ကုမ္ပဏီဖြစ်သော Myanma Ship-yards - AMECC Joint Venture Co., Ltd သို့ တည်ဆောက်ရန်လုပ်ငန်းအပ်နှံထားသည့် ဧရာဝတီ

ရန်ကုန် ဇူလိုင် ၂၇

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုး တက်ရေး ဦးစီးဌာနမှ မြန်မာ့ သင်္ဘောကျင်း လုပ်ငန်း ဖက်စပ်ကုမ္ပဏီဖြစ်သော Myanma Ship-yards – AMECC Joint Venture Co., Ltd သို့ တည်ဆောက်ရန်လုပ်ငန်းအပ်နှံထားသည့် ဧရာဝတီမြစ်ဝှမ်း ဘက်စုံ သုံးရေယာဉ်သစ် “BH-101” ရေယာဉ်လွှဲ ပြောင်းပေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့၊ ဘုရင့်နောင်လမ်းရှိ Myanma Shipyards – AMECC Joint Venture Co., Ltd သင်္ဘော ကျင်း၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် အသစ်တည် ဆောက်ပြီးစီးနေသည့် ဘက်စုံသုံး ရေယာဉ်သစ် “BH-101” ပေါ်သို့ တက်ရောက်ကြည့်ရှုစစ်ဆေးပြီး “BH-101” ရေယာဉ်ရှေ့တွင် မှတ်တမ်းတင်ဓါတ်ပုံရိုက်ကြသည်။
ယင်းနောက် Myanma Shipyards AMECC Joint Venture Co., Ltd ရုံးခန်းမဆောင်၌ ရေယာဉ်သစ် လွှဲပြောင်းပေးအပ်ပွဲ ဒုတိယပိုင်းအစီ အစဉ်အား ဆက်လက်ကျင်းပရာ ပြည်ထောင်စု ဝန်ကြီးက အဖွင့်အမှာ စကားပြောကြားသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့အား ဧရာဝတီ မြစ်ဝှမ်း ဘက်စုံသုံးရေယာဉ် BH-101 ရေယာဉ်သစ်တည်ဆောက်မှု ဗီဒီယိုမှတ်တမ်းအား ပြသပြီး Myanma Shipyards AMECC Joint Venture Co., Ltd မှ Chairman ဦးကြည်စိုးက ရေယာဉ်နှင့် သက်ဆိုင်သောစာရွက်စာတမ်းများကို ရေအရင်း အမြစ်နှင့် မြစ်ချောင်း များဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးဝင်းလှိုင်ထံသို့ လွှဲပြောင်းပေးအပ် သည်။
သင်္ဘောတည်ဆောက်ရေး ကုမ္ပဏီအနေဖြင့် တင်ဒါ အောင်မြင်ခဲ့ပြီး နောက် ၂၀၁၈ ခုနှစ်၊ ဧပြီ (၆) ရက်တွင် ရေအရင်းအမြစ်နှင့် မြစ်ချောင်း များ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် စာချုပ်ချုပ် ဆိုခဲ့သည်။
မြန်မာသင်္ဘောကျင်းလုပ်ငန်း ဖက်စပ်ကုမ္ပဏီအနေဖြင့် ဧရာဝတီမြစ်ဝှမ်း တစ်လျှောက် ဘက်စုံသုံးရန် အတွက် ပထမဆုံး ဆောက်လုပ်သော သင်္ဘောဖြစ်ပြီး ဧရာဝတီဖြစ်ကြောင်း တစ်လျှောက် ရေကြောင်းပြ ဗော်ယာများကို ဝန်ဆောင်မှုပေးမည့် သင်္ဘောဖြစ်သည်။ ထို့အပြင် မြစ်ကြောင်းတစ်လျှောက်တွင် မီးလောင်မှုဖြစ်ပွားပါကလည်း မီးငြိမ်း သတ်ရန် အသုံးပြုနိုင်မည့် ကူးတို့ရေယာဉ်အဖြစ်လည်း အသုံးပြု နိုင်မည်ဖြစ်ရာ ဘက်စုံအသုံးပြုနိုင်မည့် သင်္ဘောဖြစ်သည်။
သင်္ဘောအလျားမှာ ၂၆ ဒသမ ၂၀ မီတာ၊ ဗျက် ၈ ဒသမ ၁၀ မီတာ၊ ဇောက် ၁ ဒသမ ၉ မီတာရှိသည်။ သင်္ဘောကို ဂျပန်နိုင်ငံ Yanmar Co., Ltd မှ ထုတ်လုပ်သော မြင်းကောင်ရေ ၅၀၀ အားရှိ ပင်မအင် ဂျင်နှစ်လုံး တပ်ဆင်ထားပြီး မီးစက်အင်ဂျင်များ၊ ကရိန်းများ၊ မီးသတ်စက်များ၊ ဟိုက်ဒရောလစ်စနစ်များ၊ ရေကြောင်းလမ်းပြစနစ်များ စသော ဘက်စုံ အသုံးပြု နိုင်ရန် စက်များတပ်ဆင်ထားပြီး တစ်နာရီလျှင် ရေမိုင် ၁၀ မိုင်အထိမောင်းနှင်နိုင်ကာ ရေတိမ်တွင် အလွယ်တကူ မောင်းနှင်သွား လာနိုင်ရန်နှင့် ပန်ကာဝင်ရိုးစနစ်ကို အတင်အချပြုလုပ်နိုင်ရန် အတွက် အရှင်တပ်ဆင်ထားပြီး ဆွဲသင်္ဘောအနေဖြင့် လည်း အသုံးပြုနိုင်စေရန် တည်ဆောက် ထားသည်။
ရေယာဉ်၌ ရေယာဉ်ဝန်ထမ်းများနှင့် ရေယာဉ်လုံခြုံရေး၊ အသက် အန္တရာယ်ကင်းရှင်းရေး တို့အတွက် အသက်ကယ် ဘောကွင်း၊ အသက် ကယ်အင်္ကျီ၊ မီးသတ်ဆေးဘူးအမျိုးမျိုး၊ ဆက်သွယ် ရေးကိရိယာများ SSB, VHF, Radar, Echosounder, GPS, Magnetic Compass, Public Adderssor နှင့် Walkie Talkie တပ်ဆင်ထားပြီး ရေကြောင်း သွားလာမှု အချက်ပြမီးများ စုံလင်စွာတပ်ဆင်ထားသည်။
သင်္ဘောပေါ်တွင် ရေယာဉ်ဝန်ထမ်း ခြောက်ဦး လိုက်ပါအမှုထမ်းနိုင်ပြီး တာဝန်ထမ်းဆောင် မည့် ရေယာဉ်ဝန်ထမ်းများ၏ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် လုံခြုံရေးဆိုင်ရာ ပစ္စည်းများ ပါဝင်ကာ သင်္ဘောမှာ နိုင်ငံတကာအသိအမှတ်ပြု Class NK အဖွဲ့အစည်း၏ စစ်ဆေးမှုဖြင့် တည်ဆောက် ထားခြင်းဖြစ်သည်။
အဆိုပါသင်္ဘောတည်ဆောက်ရေးအတွက် ကုန်ကျစရိတ်မှာ အမေရိကန် ဒေါ်လာ ၂ ဒသမ ၁ သန်းဖြစ်ပြီး သင်္ဘောကို ပုံမှန်စစ်ဆေးမှုများ၊ ပြင်ဆင် မှုများ ပြုလုပ်သုံးစွဲ လျှင် ၂၅ နှစ်ခန့် သက်တမ်း အထိ သုံးစွဲသွားနိုင် မည် ဖြစ်သည်။ သင်္ဘော၌ တပ်ဆင်ထားသော စနစ်များကို အပြီး သတ်စစ် ဆေး စမ်းသပ်မှုများ ပြီးစီးခဲ့ပြီးဖြစ်၍ ဇူလိုင် (၉) ရက်တွင် မြစ်တွင်းစမ်း သပ် ခုတ်မောင်း မှုကို ClassNK Surveyor များလိုက်ပါလျက် ရေယာဉ် ကြံ့ခိုင်မှုစစ်ဆေးခြင်းများကို အောင်မြင်စွာ ဆောင်ရွက်ပေး နိုင်ခဲ့သည်။
မြန်မာ့သင်္ဘောကျင်းလုပ်ငန်းသည် ၂၀၁၅ ခုနှစ်တွင် သင်္ဘောကျင်း လုပ် ငန်းများ ဖွံ့ဖြိုး တိုးတက်လာ စေရန် ဗီယက် နမ်ကုမ္ပဏီတစ်ခုနှင့် အကျိုး တူပူးပေါင်းခဲ့သည်။ ထိုအချိန်မှစ၍ Myanma Shipyards – AMECC Joint Venture Company Limited အဖြစ် အမည်ပြောင်းလဲ လုပ်ကိုင် နေခြင်းဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)