Highlights News and Events

ဧရာဝတီမြစ်ဝှမ်းဆုံးဖြတ်ချက်အထောက်အကူပြု စနစ်နှင့် မြစ်ဝှမ်းမဟာစီမံချက် ရေးဆွဲခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ဧရာဝတီမြစ်ဝှမ်း ဆုံးဖြတ်ချက် အထောက်အကူပြုစနစ်နှင့်မြစ်ဝှမ်းမဟာစီမံချက်ရေးဆွဲခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

၂၀၂၀ပြည့်နှစ် ဇူလိုင်လ(၂၇)ရက်

ဧရာဝတီမြစ်ဝှမ်း ဆုံးဖြတ်ချက် အထောက်အကူပြုစနစ်နှင့် မြစ်ဝှမ်းမဟာစီမံချက်ရေးဆွဲခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲအား ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ (၂၇) ရက်နေ့က နယ်စပ်ရေးရာဝန်ကြီးဌာန၏ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနအောက်ရှိ ဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်း ခန်းမဆောင်၌ ပြုလုပ်ကျင်းပခဲ့သည်။ထိုအသိပညာပေးဟောပြောပွဲအား ရေအရင်းအမြစ်နှင့် ရေဘက်စုံစီမံခန့်ခွဲမှု ဗဟိုဌာန (Hydro-Informatics Centre) က ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် ဦးစီးအရာရှိများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနား၌ ဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်း၏ ကျောင်းအုပ်ကြီးက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး Hydro-Informatics Centre ၏ တာဝန်ရှိသူများမှ အမျိုးသားရေအရင်းအမြစ်ကော်မတီ၊ အမျိုးသားရေအရင်းအမြစ်ကော်မတီ၏ အကြံပေးအဖွဲ့နှင့် ရေအရင်းအမြစ်နှင့် ရေဘက်စုံစီမံခန့်ခွဲမှု ဗဟိုဌာနတို့ ဖြစ်ပေါ်လာပုံ၊ ဆုံးဖြတ်ချက် အထောက်အကူပြုစနစ်နှင့် မြစ်ဝှမ်းမဟာစီမံချက်ရေးဆွဲခြင်း၊ နှင့် မိုးရေခံလူထုလှုပ်ရှားမှုအကြောင်းတို့ကို ဆွေးနွေးဟောပြောခဲ့ပါသည်။ ထို့အပြင် Web-based Decision Support System ကို သရုပ်ပြသခြင်းကိုလည်း လုပ်ဆောင်ခဲ့ပါသည်။

m3
m4
m5
m6
m1
m2

ဆွေးနွေးပွဲ၏အမေးအဖြေကဏ္ဍတွင်ဧရာဝတီတိုင်းဒေးဒရဲမြို့နားရှိတိုးမြစ်ကမ်းပါးပြိုမှုနှင့် စပ်လျဉ်း၍ဆွေးနွေးခဲ့ကြသည်။

m7
m8

ထို့နောက်ဗဟိုလေ့ကျင့်ရေးကျောင်းမှကျောင်းအုပ်ကြီးကအပိတ်မိန့်ခွန်းပြောကြားရာတွင်ပိုးသတ်ဆေး၊ပေါင်းသတ်ဆေးနှင့်ဓာတ်မြေဩဇာများအလွန်အကျွံသုံးစွဲမှုကြောင့်အညာဒေသများတွင်ရေအရည်အသွေးကျဆင်းမှုများဖြစ်ပေါ်နေကြောင်း၊ မြေအောက်ရေအလွန်အကျွံထုတ်ယူသုံးစွဲမှုများတွေ့နေရပြီး၎င်း၏အကျိုးဆက်အဖြစ်မြေကြီးနိမ့်ဆင်းသွားနိုင်သည့်အန္တရာယ်များနှင့်ရင်ဆိုင်ရမည်ကိုစိုးရိမ်ကြောင်း၊ရေ၏တန်ဖိုးကိုအများပြည်သူများအနေဖြင့်အမှန်တကယ်သိရှိနားလည်နိုင်ရန်အသိပညာပေးစာရွက်စာတမ်းများပြုစု၍ဖြန့်ဝေနိုင်လျှင်ပို၍ကောင်းမည်ဖြစ်ကြောင်း၊ယခုအချိန်တွင်မိမိတို့နိုင်ငံအနေဖြင့်သုံးစွဲနိုင်သည့်ရေအရင်းအမြစ်များရှိနေသေးသော်လည်းစနစ်တကျရေသုံးစွဲမှုနှင့်ကာကွယ်စောင့်ရှောက်မှုမရှိလျှင်နောင်တစ်ချိန်တွင်စင်ကာပူကဲ့သို့ရေကိုဝယ်ယူသောက်ရသည့် အခြေအနေမျိုးနှင့်ရင်ဆိုင်ရမည်ကို စိုးရိမ်မိကြောင်း၊ ရေအရင်းအမြစ်များကို ထိန်းသိမ်း စောင့်ရှောက်ခြင်းမှာရေကိုသုံးစွဲနေသည့်သူများအားလုံးနှင့် သက်ဆိုင်ကြောင်း၊ ရေအရင်းအမြစ်ထိန်းသိမ်းစောင့်ရှောက်ခြင်းဟုဆိုလျှင်သစ်တောများကိုထိန်းသိမ်းခြင်းနှင့်ဆက်စပ်လျက်ရှိကြောင်း၊ထို့ကြောင့်သစ်တောများပြန်လည်စိုက်ပျိုးခြင်းနှင့်ထိန်းသိမ်းခြင်းများကိုလည်းပြုလုပ်စေလိုကြောင်းထည့်သွင်းပြောကြားခဲ့ပါသည်။ ယခုအသိပညာပေးဟောပြောပွဲကို ရေနှင့်သက်ဆိုင်သော ဝန်ကြီးဌာန (၈) ခုတွင် Decision Support System နှင့် Basin Master Plan နှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း စီမံချက်အရ Hydro-Informatics Centre က တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပထမဆုံးအကြိမ်အဖြစ် နယ်စပ်ရေးရာဝန်ကြီးဌာန၌ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ (၂၇) ရက်၊ တနင်္လာနေ့ကကျင်းပခဲ့ခြင်းဖြစ်သည်။

m9