Highlights News and Events Press Released

အမျိုးသားရေဥပဒေမူကြမ်းကို ဒုတိယအကြိမ် ပြန်လည်သုံးသပ်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

အမျိုးသားရေဥပဒေမူကြမ်းကို ဒုတိယအကြိမ် ပြန်လည်သုံးသပ်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

၂၀၂၀ပြည့်နှစ်ဇူလိုင်လ(၂၁)ရက်

ဧရာဝတီမြစ်ဝှမ်းဘက်စုံစီမံခန့်ခွဲမှုစီမံကိန်း၏ ကဏ္ဍ (၁) သည် မြန်မာနိုင်ငံ အမျိုးသားရေဥပဒေ ရေးဆွဲခြင်း လုပ်ငန်းစဉ်အား လုပ်ဆောင်လျက်ရှိပါသည်။ ထိုလုပ်ငန်းစဉ်သည် ကဏ္ဍ (၁) ၏ အဓိကလုပ်ငန်း (၇) ခုအနက်မှ တစ်ခုဖြစ်ပါသည်။ အမျိုးသားရေအရင်းအမြစ်ကော်မတီ၏ အကြံပေး အဖွဲ့မှ ရေးဆွဲထားသော အမျိုးသားရေဥပဒေ (မူကြမ်း) အား အမျိုးသားရေအရင်းအမြစ် ကော်မတီ အဖွဲ့ဝင် ဝန်ကြီးဌာနများမှ တာဝန်ရှိအရာထမ်းများဖြင့် ဖွဲ့စည်းထားသော Water Law Task Force မှ ဒုတိယအကြိမ် ဆွေးနွေးသုံးသပ် အကြံဉာဏ်ပေးခြင်းကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ (၂၁) ရက် ၊ အင်္ဂါနေ့ က AIRBM Project ၏ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပါသည်။ အမျိုးသား ရေဥပဒေရေးဆွဲခြင်း၏ ဥပဒေပြုရေးလုပ်ငန်းစဉ်ကို အထောက်အကူပြုနိုင်ရန်၊ ပိုမိုကောင်းမွန်ပြည့်စုံစေရန်နှင့် အမျိုးသား ရေဥပဒေရေးဆွဲခြင်းအတွက် အကြံဉာဏ်များ ရယူနိုင်ရန် ရည်ရွယ်ပါသည်။ ထိုအလုပ်ရုံဆွေးနွေးပွဲအား COVID 19 ဖြစ်ပွားနေသော ကာလအတွင်းတွင် ZOOM Cloud Meeting software ကို အသုံးပြုပြီး အွန်လိုင်းမှတစ်ဆင့် ပြုလုပ်ကျင်းပခဲ့ခြင်းဖြစ်ပါသည်။ အစည်းအဝေးသို့ အမျိုးသားရေဥပဒေပြုစုရေးအတွက် Water Law Task Force အဖွဲ့မှ အဖွဲ့ဝင်များ၊ အမျိုးသားရေ အရင်းအမြစ်ကော်မတီ အကြံပေးအဖွဲ့ဝင်များ၊ အမျိုးသားရေအရင်းအမြစ်ကော်မတီ တွဲဖက်တာဝန်ကျအရာရှိများနှင့် ရေနှင့်သက်ဆိုင်သူများပါဝင်သည့် ရေဖိုရမ်အဖွဲ့ဝင်များ တက်ရောက် ခဲ့ကြပြီး အကြံဉာဏ်များနှင့် သဘောထားမှတ်ချက်များပေးခဲ့ကြပါသည်။ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်လာသူများမှ ပေးအပ်သော အကြံဉာဏ်များသည် အမျိုးသားရေဥပဒေရေးဆွဲရာ၌ များစွာ အထောက်အကူပြုခဲ့ပါသည်။

d1
d22